နေပြည်တော် ၃၁ အောက်တိုဘာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကော်မရှင်ဉက္ကဋ္ဌ ဉီးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အဟန့်အတားဖြစ်စေသည့် လာဘ်ပေးလာဘ်ယူမှုများ ဖြေရှင်းနိုင်ရေးဆောင်ရွက်မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဆောင်ရွက်နေသည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် များ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)များ ဖွဲ့စည်းဆောင်ရွက်မှုအခြေ အနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


