နေပြည်တော်  ၃၁   အောက်တိုဘာ

 

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့် အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနမှ Associate Professor , Dr. Renaud Egreteau အား ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များ၌ ဆောင်ရွက်နေသည့် လွှတ်တော်၏ အခန်းကဏ္ဍတို့ကို သုတေသနပြုလုပ်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

(သတင်းစဉ်)