ပူတာအို ၁ နိုဝင်ဘာ
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပူတာအိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)ရန်ပုံငွေဖြင့် လုံရှာယာန်ကျေးရွာအုပ်စု ကျေးရွာငါး ရွာတွင်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ယင်း လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေဖြင့် ပန်ဆာဒီ-၂ကျေးရွာတွင် ရန်ပုံငွေကျပ်သိန်းပေါင်း (၆၃၆၀ဝဝဝ ) ဖြင့် အရှည်ပေ ၂၆၀ဝ ၊ အကျယ် ရှစ်ပေ၊ထု ခြောက်လက်မ ရွာတွင်းလမ်းသဲကျောက်ခင်းခြင်း၊ လုံရှာယာန် ကျေး ရွာတွင် ရန်ပုံငွေကျပ်သိန်းပေါင်း ၆၄၇၀ဝဝဝ ဖြင့် အရှည် ပေ ၂၀ဝဝ ၊ အကျယ် ရှစ်ပေ၊ထုခြေက်လက်မ ရွာတွင်း သဲကျောက်ခင်းခြင်း၊ မုံယာဒ်ကျေးရွာတွင် ရန်ပုံငွေကျပ်သိန်း ပေါင်း ၆၄၅၀ဝဝဝ ဖြင့် အလျား ပေ ၄၀ ၊ အနံ ပေ ၂၀ ၊ အမြင့် ၁၂ ပေ ကျေးရွာခန်းမတည်ဆောက် ခြင်း၊ အင်ယိုစွပ်ကျေးရွာတွင် ရန်ပုံငွေကျပ်သိန်းပေါင်း (၆၆၄၀ ဝဝဝ)ဖြင့် အရှည် ၂၆၀ဝ ပေ ၊ အကျယ် ရှစ်ပေ၊ ထု ခြောက်လက်မ ရွာတွင်းသဲကျောက်ခင်းခြင်း၊ နမ်မွန်းဒမ်း ကျေးရွာတွင် ရန်ပုံငွေကျပ်သိန်း ပေါင်း(၆၃၂၀ဝဝဝ)ဖြင့် အရှည် ပေ ၁၅၀ဝ ၊ အကျယ် ၁၀ ပေ၊ ထု ခြောက်လက်မ ရွာတွင်းလမ်းသဲ ကျောက်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းဆောင်ရွက်သည့် ပန်ဆာဒီ-၂ကျေးရွာ၊ လုံရှာယာန်ကျေးရွာ၊ အင်ယိုစွပ်ကျေးရွာ၊ မုံယာဒ်ကျေးရွာနှင့်နမ်မွန်းဒမ်းကျေးရွာများသို့ နည်းပညာအကြံ ပေးအဖွဲ့မှဦးထွန်းကိုကို ဦးဆောင် သောအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ကွင်းဆင်းကာ စီမံကိန်း ကော်မတီဝင်များနှင့်တွေ့ဆုံပြီး စီမံကိန်း လုပ်ငန်းများတွင် လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


