ကျွန်းလှ ၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းဒုတိယနှစ်စက်ဝန်းတွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အောက်တိုဘာလဆန်းပိုင်းကစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများကဆန္ဒပြုထားသောလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်းများခင်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ရေပေးဝေရေးလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းတို့ကိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ နည်းပညာအကြံပေးအဖွဲ့များ၊ နည်းပညာမှူးများ၊လူထုစည်းရုံးရေးမှူးများ၏လမ်းညွှန်မှုဖြင့်ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီတို့က ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ် လူထုဗဟိုပြု စီမံကိန်းဒုတိယနှစ်စက်ဝန်းတွင်ကျေးရွာအုပ်စု(၃၄)အုပ်စု၊ကျေးရွာပေါင်း(၁၁၄)ရွာအား ကျေးရွာတွင်းလမ်းခင်းခြင်း(၈၁)လမ်း၊ စာသင်ကျောင်းဆောင်နှင့်ခြံစည်းရိုးကာရံခြင်း(၉)ခု၊ရေပေးရေးလုပ်ငန်း(၂)ခု၊လျှပ်စစ်မီးသွယ်တန်းခြင်း(၁၆)ခု၊ ကျေးရွာခန်းမဆောက်လုပ်ခြင်း (၄) စုစုပေါင်းလုပ်ငန်းခွဲပေါင်း(၁၁၂)ခုဆောင်ရွက်မည်ဖြစ်ကြောင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


