ချောင်းဦး အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ဒဿမအကြိမ်မြောက် မီးပုံးပျံပွဲတော်ကို တန်ဆောင်မုန်း လဆန်း ၁၃ ရက်မှ ၁၅ ရက်ထိ ()ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

1

 

ချောင်းဦးမြို့၏ မီးပုံးပျံပွဲတော်ကို နောင်လာနောက်သားလူငယ်များ သိရှိစေရန် ရည်ရွယ်၍ ၁၃၇၂-ခုနှစ်၊ တန်ဆောင်မုန်းလမှ စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် ဒဿမအကြိမ်မြောက် ကျင်းပမည် ဖြစ်သည်။

 

အဆိုပါပွဲတော်တွင် မီးပုံးပျံအလှများဖြင့် လွှတ်တင်ခြင်း   နိဗ္ဗာဈေးဖြင့် ကျွေးမွေး ဧည့်ခံခြင်းများအပြင် ချောင်းဦးမြို့ CHU Music  Band   တေးဂီတအဖွဲ့မှ ဧည့်ခံဖျော်ဖြေခြင်း၊ ပန်းဘုရင်မလေး တေးသရုပ်ဖော် ပဒေသာကပွဲဖြင့် ဖျော်ဖြေခြင်းများ အပျော်စီးလှေ၊ လေနန်းတော်နှင့် ချားရဟတ် စသည့် ပျော်ပွဲရွှင်ပွဲများ ပါ၀င်မှာ ဖြစ်ကြောင်း မီးပုံးပျံကျင်းပရေးကော်မတီ ဥက္ကဌ ဦးသိန်းတင်မှ ပြောပြသည်။

 

2

 

ချောင်းဦးမြို့တွင် တန်တောင်မုန်းလဆန်း (၁၃)ရက်မှ (၁၅)ရက်ထိ ()ညတိုင်တိုင် မီးပုံးပျံ အရေအတွက် (၁၃)လုံးခန့် က မီးပုံးပျံအလှ လွှတ်တင်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

အိအိအောင် (ချောင်းဦး)