မြိတ် ၁ နိုဝင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများအနက်မှ ကျေးရွာပေါင်း ၁၀ ရွာ တို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ၄ ခုနှင့် ရေရရှိေရးအတွက် စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများကို မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

25

 

“မြိတ်မြို့နယ်အတွင်း ကျေးရွာများအနက်မှ ကလင်ဘန်း၊ တောင်ရှည်၊ တုံးဗျောငယ်၊ ဆလင် စတဲ့ ကျေးရွာလေးရွာမှ ထုတ်ကုန်များ စျေးကွက်အတွင်းသို့ အချိန်မီ ပို့ဆောင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ကျေးလက် ကုန်ထုတ်လမ်း လေးလမ်းနဲ့ Box Culvert ရှစ်ခု အပါအဝင် မြေ/ ဂဝံ လမ်းစုစုပေါင်းအရှည် ၄ ဒသမ ၅မိုင်ကို ဆောင်ရွက်သွားမယ်။ ဒါ့အပြင် မရမ်းပင်ချောင်း၊ ဒေါ၊ ရေမြစ်ကြီး၊ မွှေ့ရှောင်၊ တပ်တောင်၊ ကျောင်းတောင်ရွာ စတဲ့ကျေးရွာ ၆ ရွာတို့မှာ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်သော ကျေးလက်ရေ ရရှိရေးအတွက် စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း စုစုပေါင်းအရှည် ၁၀ မိုင်ကိုလည်း ဆောင်ရွက်ပေးသွားပါမယ်” ဟု မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ် ဉီးစီးမှူး ဉီးကျော်ဝင်းနိုင် က ပြောသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း (မြေ/ဂဝံ)လမ်းများကို မြိတ်မြို့နယ် အတွင်းရှိ အင်္ဂမော် ကျေးရွာအုပ်စု၊ ကလင်ဘန်းကျေးရွာတွင် အရှည်(၁) မိုင်နှင့် Box Culvert (၂)ခုကို ခွင့်ပြုငွေကျပ် (၅၄ ဒသမ ၈၉)သန်းဖြင့် လည်းကောင်း၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ရှည်ကျေးရွာတွင် အရှည်(၁)မိုင်နှင့် Box Culvert (၂)ခုကို ငွေကျပ် (၅၄ ဒသမ ၈၉)သန်းဖြင့် လည်းကောင်း၊ တုံးဗျောကျေးရွာအုပ်စု၊ တုံးဗျောငယ်ကျေးရွာတွင် အရှည်(၁)မိုင်နှင့် Box Culvert (၂)ခုကို ငွေကျပ်(၅၄ ဒသမ ၈၉)သန်းဖြင့် လည်းကောင်း၊ ပင်းအိုကျေးရွာအုပ်စု၊ ဆလင်ကျေးရွာတွင် အရှည်(၁/၄)မိုင်နှင့် Box Culvert ရ(၂)ခုကို ငွေကျပ် (၇၆ ဒသမ ၃၃)သန်းဖြင့် လည်းကောင်း စုစုပေါင်းငွေကျပ်(၂၄၁ ဒသမ ၀၀)သန်းဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီက မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဉီးကျော်ဝင်းနိုင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ယင်းကျေးရွာများသို့ ကျေးရွာကုန်ထုတ်လမ်း မြေပြင်အခြေအနေ တိုင်းတာမှုများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1

 

မြင့် ဉီး(မြိတ်)