နမ့်စန်  ၁ နိုဝင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း မိသားစု စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီ က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

1

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပင့်ဖိတ်ထားသော ကျောင်းများမှ ရဟန်း ၊ သာမဏေ အပါး ၁၇၀ တို့ကို ကျောင်းဝန်းတလျှောက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ ၊ ကျောင်းသားကျောင်းသူများ ၊ ကျောင်းသားမိဘများ က ဆွမ်းဆန်စိမ်း ၊ ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်း အမျိုးမျိုးတို့ကို လောင်းလှူခဲ့ကြသည်။

 

3

 

ကျောင်းမိသားစု စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့ပြီး မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ စာသင်တိုက် နှင့် ရဟန်း သာမဏေ များပြားသော ကျောင်းများကို အဓိကထားပင့်ဖိတ်လောင်းလှူခြင်းဖြစ်ပြီး ယခုနှစ် လောင်းလှူမှုမှာ ၁၉ ကြိမ်မြောက် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းထံမှ သိရသည်။

 

သူရအောင်(ပြန်/ဆက်)