ထန်းတပင် ၁ နိုဝင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်()လပြည့်မှ ()နှစ်ခွဲအောက်ကလေး ငယ်များအား ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် စုရပ်များတွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ သုံးရက်ကြာ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံ၌ ဝက်သက် - ဂျိုက်သိုးရောဂါကို ၂၀၂၃ ခုနှစ်တွင် ပပျောက်အောင် ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖြစ်ပွား လျက်ရှိသည့် ဝက်သက် - ဂျိုက်သိုးရောဂါတွင် ဝက်သက်ရောဂါ ဖြစ်ပွားသူဦးရေ (၅ဝ) ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)