ပုဗ္ဗသီရိ ၁ နိုဝင်ဘာ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးရွာသွန်း၍လ ေပြင်းတိုက်ခတ်မှုကြောင့် အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာတွင် လူနေအိမ်(၅)လုံး အမိုးလန်ပျက်စီးခဲ့ပြီး တံတားဦးကျေးရွာတွင် ဓါတ်တိုင်(၁)တိုင် ကျိုးကျ ပျက်စီးခဲ့သည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


