နတ်မောက် ၁ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၁၉ ခုနှစ် မိုးစပါးမျိုးသစ်စိုက်ပျိုး ထုတ်လုပ်မှုနှင့်စံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီအချိန်က မြို့မကွင်း၊ ကွင်းအမှတ်(၄၇၄)၊ ဦးပိုင် အမှတ်(၇၉)တောင်သူ ဦးသံချောင်း၏ လယ်ယာစပါးကွင်းတွင် ပြုလုပ်ခဲ့သည်။       

 

1

 

အဆိုပါ မိုးစပါးမျိုးသစ်စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီး အရာရှိဦးကြည်မြင့်က ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးထားသည့် ထိုင်းနှံကောက်စပါးမျိုး၏ စိုက်ပျိုးမှုအဆင့်ဆင့် ကိုတက်ရောက်လာကြသည့် တောင်သူများအား ရှင်းလင်းပြောကြားသည်။

 

 

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေး မှူးဦးဝင်းမော်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးအရာရှိ ဦးကြည်မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဒုတိယဦးစီးမှူးဦးကြည်ခိုင်နှင့် တောင်သူများက စံကွက်ရိတ်သိမ်းရာ၌ ကြည့်ရှုခဲ့ရာ တောင်သူဦးသံချောင်း၏ စိုက်ခင်း(ဝ ဒသမ ၅၆)ဧက ထိုင်းနှံကောက်စပါးမျိုး စံကွက်ရိတ်သိမ်းခဲ့သည့် အစိုတင်း(၉၉)တင်း နှုန်းထွက်ရှိကြောင်း သိရသည်။

 

4

 

 

လှဝင်း(နတ်မောက်)