သရက်  ၁   နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  Women Club, Youth Club, Book Club စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူများ စာပေ ဖတ်ရှုတတ်သည့်အလေ့ကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ” စာအုပ်မှ အလုပ်ဆိုတာအင်အားပါနှင့် အလုပ် လုပ်တဲ့နေရာမှာ စ၊ လယ်၊ ဆုံး ကောင်းမြတ်ခြင်းဂုဏ်နဲ့ပြည့်စုံပါစေဆောင်းပါးကို ဦးကျော်မိုးလွင်က ဆွေးနွေး၍  အလုပ်အောင်မြင်ချင်ရင် ဆွဲအားရော၊ တွန်းအားပါသုံးသင့်ပါတယ်နှင့် အလုပ် လုပ်တဲ့နေရာမှာ ကိုယ်ချင်းစာစိတ်ထားနိုင်ပါစေ ဆောင်းပါးကို ဦးရဲနိုင်အောင်က ဆွေးနွေးခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဦးအောင်မြင့်က အလုပ် လုပ်ရာမှာ အောင်မြင်မှုရလိုရင် အများနှင့်ပြေလည်အောင်ဆက်ဆံတတ်ပါစေ ဆောင်းပါးအား ရှင်းလင်းဆွေးနွေးပေးခဲ့ရာ Women Club ဥက္ကဌ ဒေါ်ခင်ခင်ဝင်းနှင့် Book Club နာယက ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် ဒေါက်တာစိုးလင်းနိုင်၊ ဦးအောင်မြင့်တို့က ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)