တောင်ငူ ၁ နိုဝင်ဘာ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ငူခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော်(တောင်ငူ)အောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်နေမှုများကို နိုဝင်ဘာလ ၁ ရက် နံနက် ၉ နာရီက တောင်ငူမြို့ ခပေါင်းခန်းမ၌ကျင်းပသည်။
ကလေးစာပေပွဲတော် (တောင်ငူ) အစမ်းလေ့ကျင့်မှုများ ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပွဲတော်တွင်ပါဝင်မည့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကဏ္ဍအလိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြသည်။
ကလေးစာပေပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ကလေးစာပေပြပွဲ၊ စာပေဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ တိုင်းရင်းသားဘာသာ ကဗျာရွက်နှင့် ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ကလေးများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်မည့် ဂိမ်းကစာနည်းများပါဝင်မည့်အပြင် နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ တောင်ငူခေတ်သမိုင်းမှတ်တမ်းဓါတ်ပုံပြခန်းနှင့် အခြားအသိပညာပေးပြခန်းများဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်သဖြင့် မည်သူမဆို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုသားကြီး (ကျောက်ကြီး)


