ညောင်ဦး  ၁   နိုင်ဝင်ဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီး၏ (၉၆၀)ကြိမ် မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရွှေစည်းခုံဘုရား၊ ဂေါပကရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ေ

 

အခမ်းအနားတွင် ရွှေစည်းခုံ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ၏ ပွဲတော်ဆိုင်ရာ လုပ်ငန်းစီမံချက်များအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာ သည့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

အဆိုပါတန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုင်ဝင်ဘာလ ၄ ရက်မှ ၂၆ ရက်နေ့အထိ ဘုရား တောင်ဘက်ကွင်းပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ရောင်းချကြမည့် ဈေးသည်များအတွက် ဈေးဆိုင်ခန်းပေါင်း တစ်ထောင် ကျော် ဆောက်လုပ်ထားပြီး ဘုရားပွဲ တော်ကာလအတွင်း ညအထူးတရားပွဲများ၊ ဆွမ်းသပိတ်လုံး လှူဒါန်းပွဲ၊ (၃၇)မင်းနတ်နန်း ဗဠိနတ်စာကျွေးပွဲ၊ မြန်မာ့ရိုးရာ အလှခတ်ခြင်းဝိုင်းများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ ဇာတ်ပွဲများနှင့် မြန်မာ့ရိုးရာရုပ်သေး အကအလှများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲအရ သိရသည်။

 

ေ

 

လုပ်ငန်းညှိနှိုင်းပွဲသို့ ညောင်ဦးမြို့ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂံရှေး ဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဘုရားအသီးသီးမှ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)