မြစ်ကြီးနား    ၁   နိုဝင်ဘာ  


ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းရုံး (မြစ်ကြီးနား) ဖွင့်ပွဲနှင့် အလှူငွေပေး အပ်ပွဲ၊ ကျေးရွာစာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ ပုံပြပုံပြင်စာအုပ်များ ပေးအပ်လှူဒါန်း ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတိုက်အတွင်းရှိ အသင်းရုံးဖွင့်လှစ်သည့် နေရာ၌ ကျင်းပပြုလုပ်သည်။

 

ေ

 

အသင်းရုံးသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အသင်းရုံးဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်နှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးလွင် (ခ) ဦးပေါ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ေ

 

ယင်းနောက် အသင်းရုံးဖွင့်ပွဲအခမ်းအနားနှင့် အလှူငွေ၊ ပုံပြပုံပြင်စာအုပ်များပေးအပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မျိုးဆက်သစ်များအတွက် စာပေနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရေးသည် အရေးကြီးသကဲ့သို့ တိုင်းရင်းသားအချင်းချင်းကလည်း တစ်ဦး၏စာပေ၊ ရိုးရာယဉ်ကျေးမှုကို တစ်ဦးက လေးစားလိုက်နာ၍ ချစ်ခင်စည်းလုံးစွာနေထိုင်ကြရေး တိုက်တွန်းပြော ကြားသည်။

ထို့နောက် ဗမာတိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းနာယက၊ ဗမာတိုင်းရင်းသားလူ မျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က အသင်းအတွက် အလှူငွေကျပ် (၇၅)သိန်းကို အသင်း ဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ပြီး ကလေးငယ်များက စံတော်ချိန်အကဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က အကအဖွဲ့အတွက် ချီးမြှင့်ငွေများကိုပေး အပ်ကြသည်။

 

ေ

 

ဆက်လက်၍ အသင်းဥက္ကဋ္ဌက အခြေခံပညာကျောင်းပေါင်း (၃၀)နှင့် ဝိုင်းမော်မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များသို့ ပုံပြပုံပြင် စာအုပ်များကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကာ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပေးအပ်မှုကို လက်ခံရယူသည်။

ယင်းနောက် အသင်းရုံးဖွင့်ပွဲ အထိမ်းအမှတ် အံတော်ရှင်တောင်တန်းသာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏဓဇ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ အနုမောဒနာတရားတော် နာယူကြပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။

MDN