ဗန်းမော်  ၁   နိုဝင်ဘာ 

ကချင်ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဒိန်းမတ်လူမှုရေးအဖွဲ့ အစည်း DRC / DDG တို့ ပူးပေါင်းပြီး ဗန်းမော်မြို့ မြို့တော်ခန်းမ၌  ယနေ့နံနက် ၉ နာရီက လက်မှုကုန်ထုတ်ဈေးကွက်ပြပွဲ ကျင်းပသည်။

 

ေ

 

ပြပွဲနှင့် ပတ်သက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က "ယခုကဲ့သို့ ကျင်းပပြုလုပ်ပေးသည့် သက်ဆိုင်ရာဦးစီးဌာနတာဝနိရှိသူများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများအားလုံးကို ဒေသခံ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကျေးဇူးတင်ကြောင်း နှင့် ဒေသအတွင်းရှိ ပြည်သူ လူထုများ၏ ထုတ်ကုန်ပစ္စည်းများနှင့် သက်ဆိုင်သည့် အခွင့်အလမ်းများ ကိုယ်ပိုင်စီးပွားရေး၊ အစုအဖွဲ့စည်းပွားရေးများ ပိုခိုဖွံ့ဖြိုတိုးတက်လာစေရန်အတွက် အတတ်နိုင်ဆုံး ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီက"တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများအတွက် မိမိတို့ဌာနနှင့် ဒိန်းမတ်လူမှုရေး အဖွဲ့အစည်း DRC/ DDG တို့၏ အထောက်အပံ့များဖြင့် ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အသီးအပွင့်များဖြစ်သည့် လက်မှုထုတ်ကုန်များကို ဝေဝေဆာဆာ ဈေးကွက် အတွင်း ရောက်ရှိအောင် လုပ်ဆောင်ပေးသည့်ပွဲဖြစ်သည် ဟု အမှာစကားတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒိန်းမတ်လူမှုရေးအဖွဲ့ အစည်း DRC/ DDG ၏ တာဝန်ခံကိုယ်စားလှယ် Mr.Julio က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

လက်မှုလုပ်ငန်းကို လက်တွေ့လုပ်ကိုင်၍ အဆင်ပြေနေသည့် ဒေါ်ပေါ်ဆား နန်အောင်နှင့်ဦးဖေဒ်ဒွတ်တူးမိုင်တို့က မိမိတို့လုပ်ကိုင်နေကြသည့်လုပ်ငန်းအကြောင်းနှင့် ကူညီထောက်ပံ့သည့်သူများကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ ကချင်ပြည်နယ်ဘေးအန္တရဝယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီ နှင့် ဒိန်းမတ်လူမှုရေးအဖွဲ့ အစည်း DRC/ DDG ၏ တာဝန်ခံကိုယ်စားလှယ် Mr.Julio တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် လက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။

ယခုပြပွဲသည် ကချင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ပြုလုပ်သည့်ပွဲ ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရိန်အောင် (ပြန်/ဆက်)