ကောလင်း ၁ နိုဝင်ဘာ
ကောလင်းမြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူဝင်းနှင့်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယမန်နေ့က သဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံလူထုနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကြသည်။
ရှေးဦးစွာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများက ကျောင်းဆောင်သစ်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ စိုက်ပျိုးရေ အဆင်ပြေစွာ ရရှိအောင် ဆောင်ရွက်ပေးရေး၊ ရေပေးမြောင်းများ ပြန်လည်ပြုပြင် ပေးရေးနှင့် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် တင်ဒါအောင်ကုမ္ပဏီများအား လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး အတွက် စစ်ဆေးကြီးကြပ် ဆောင်ရွက်ပေးရေး စသည့်တို့ကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် လျှော်ဖြူကုန်းကျေးရွာရှိ တည်ဆောက်နေဆဲစာသင်ကျောင်းဆောင်အား ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)


