ရန်ကုန် ၁ နိုဝင်ဘာ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့် ခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဘာလီမြို့တွင် နိုဝင်ဘာ ၂ ရက်မှ ၆ အရက်ထိ ကျင်းပမည့် 3rd Indonesian Constitutional Court International Symposium (ICCIS) နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါပို့ဆောင်ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့်နှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးလှဌေး၊ ညွှန်ကြားရေးမှူး ဦးညီညီလွင်၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ဇင်တို့ လိုက်ပါသွားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


