mdn

ရေး နိုဝင်ဘာ     

   

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်မှ ပြည်သူများ လွတ်ကင်းစေရန်အတွက်  မွန်လူငယ်များမှ မူးယစ်ဆေးဝါး အန္တရာယ်လျော့ချရေးလှုံ့ဆော်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။

 

အဆိုပါ မူးယစ်ဆေးဝါး အန္တရာယ် လျော့ချရေး လှုံ့ဆော်ပွဲကို မွန်ဒေသရပ်ရွာ ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးနိုင်စာဟန်နှင့် ရေးမြို့နယ် မွန်လူငယ်ကွန်ယက်တို့မှ လူဦးရေ ၂၀၀ ခန့် ပူးပေါင်း၍ မူးယစ်ဆေးဝါး အန္တရာယ်လျော့ချရေး မွန်သီချင်းများ ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ်များနှင့် မြို့အနှံ့ လှည့်လည်ခဲ့ကြသည်။

 

ထို့နောက် ရန်မျိုးအောင်ရပ်ကွက်ရှိ မွန်ဓမ္မာရုံတွင်လည်း ယနေ့ညနေ ()နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မူးယစ်တပ်ဖွဲ့  တာဝန်ခံတို့မှ အမှာစကား ပြောကြားခြင်း၊ မွန်လူငယ်ကွန်ယက်မှ မူးယစ်ဆေးဝါး အန္တရာယ် နှိုးဆော်စာတမ်း ဖတ်ကြားခြင်း၊ မွန်ရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေ တင်ဆက်ကပြခြင်း၊ စကားရည်လုပွဲ ကျင်းပခြင်း၊ ပညာပေး ဇာတ်လမ်းတိုများ သရုပ်ဖော်ကပြခြင်းနှင့် အမေးအဖြေ ကဏ္ဍများဖြင့် မူးယစ် ဆေးဝါးအန္တရာယ် လျော့ချရေးလှုံ့ဆောင်မှု အခမ်းအနားကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

         

ခင်သိမ့်(ရေး၊ ပြန်/ဆက်)

 

mdn

 

mdn

 

mdn