mdn

နေပြည်တော် ၁ နိုင်ဝင်ဘာ

 

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှ ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် ဒီပါဝလီနေ့ အထိမ်းအမှတ်ပွဲတော်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ည ၇ နာရီတွင် ရန်ကုန်မြို့ရှိ Strand Hotel ၌ ကျင်းပသည်။

 

အခမ်းအနားကို မင်္ဂလာဆီမီးထွန်းညှိ၍ အိန္ဒိယရိုးရာအကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌ ဦးသိန်းလွင်က နှုတ်ခွန်းဆက်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူးမားတို့က အမှာစကားပြောကြားကြသည်။

 

ထို့နောက် ၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး(၃)ဘာသာနှင့်အထက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ကြပြီး အိန္ဒိယရိုးရာအကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ကာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အသင်း၏အဖွဲ့ခွဲ ဥက္ကဋ္ဌများကို ဂုဏ်ပြုဆုပေးအပ်ကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးချစ်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

သတင်းစဉ်