နေပြည်တော် ၁ နိုဝင်ဘာ
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) နော်ဝေဒုက္ခသည်ကောင်စီ (NRC)၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jan Egeland အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ နေရပ်စွန့်ခွာသူများ၏ စခန်းကိစ္စနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


