နိုဝင်ဘာ ၁ မတ္တရာ
ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် လူငယ်လူရွယ်များ ကျောင်းသား ကျောင်းသူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်ပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် နန်းတော်ဝင် စာပေတိုက်တို့ ပူးပေါင်း၍ နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ မတ္တရာမြို့ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


