လေရှီး ၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့၌ ၂၀၁၉ခုနှစ်ဇွန်လကစိုက်ပျိုးထားသော မိုးစပါး စံကွက် ရိတ်သိမ်းခြင်းကို တောင်သူ ဦးလှဆိုင်း၏ လယ်တွင် စိုက်ပျိုးရေးဦးစီဌာနနှင့် မြေစာရင်း ဦးစီးဌာနတို့နှင့်အတူ တောင်သူ ၁၁ ဦးက စံပြစိုက်ကွက် ၃ ဧက စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
လေရှီးမြို့တွင် တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်နေပြီး မြို့ပေါ် လယ်ဧကပေါင်း ၉၆ ဧက ရှိပြီး ယခင်နှစ် လယ်တစ်ဧက စပါးတင်း ၈၀ နှုန်းထွက်ရှိကာ ယခုနှစ် မိုးစပါးတောင်သူ စံပြကွက် ရိတ်သိမ်းခြင်းအရ တစ်ဧက ၁၀၆ တင်း ထွက်ရှိ၍ ယခုနှစ် အထွက်နှုန်း ပိုမိုတိုးတက်မည်ဟု မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝါ က ပြောသည်။
ခဘိုး(ပြန်/ဆက်)


