ကော့သောင်း ၂ နိုဝင်ဘာ
ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကော့သောင်းခရိုင်နှင့် မြို့နယ်ဌာန /ရပ်ကွက်ပေါင်းစုံ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ဆက်ကပ်လှူဒါန်းမည့် ငွေပဒေသာပင်များ လှည့်လည်ပူဇော်ပွဲအား နိုဝင်ဘာ ၂ ရက် နံနက်ပိုင်း က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပူဇော်ပွဲတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ကော့သောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများအားလုံးသို့ လှူဒါန်းမည့် ပဒေသာပင်များ အားစုရပ်ဖြစ်သည့် ကော့သောင်းမြို့ ၊သီရိမြိုင်ရပ်ကွက် ၊ ပြည်သူရင်ပြင်ကွင်းတွင် စတင်စုဝေး၍ မော်တော်ယာဉ်များဖြင့် မြို့နေပြည်သူများ ကြည်ညို စေတနာသဒ္ဓါပွားများနိုင်ကြစေရန် ရည်ရွယ်ကာ မြို့တွင်းသို့ အိုးစည်ဗုံမောင်း အတီးအမှုတ် အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည် အပူဇော်ခံခဲ့ကြပြီး ပဒေသာပင်များအား မဟာကထိန်ပွဲတော်ကျင်းပမည့် မြို့ကျက်သရေဆောင် ပြည်တော်အေးသာသနာ့ဗိမာန်တော်ကြီးတွင် ပူဇော်ခံထားရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


