အိမ်မဲ  ၂   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပဒက်ကျေးရွာနှင့် သာလေးကုန်းကျေးရွာတို့တွင် နိုဝင်ဘာ ၁ ရက်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ငါးလုံးပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါပျက်စီးမှုဖြစ်သည့် နေရာများသို့ အိမ်မဲမြို့မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးတင်မျိုးဝင်းဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များရွာသစ်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းက ရှင်းလင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)