မန္တလေး  ၂   နိုဝင်ဘာ

 

ဂန္ထဝင် ဘောလုံးသမား ရီယိုဖာဒီနန် လာရောက်မယ့်  Tiger Street Football ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၏ ကပ္ပတိန် ဟောင်း ၊ ကမ္ဘာကျော် ဂန္ထဝင်  ဘောလုံးသမားရီယိုဖာဒီနန် တက်‌ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

Tiger Street Football ကမ်ပိန်းကို ကမ္ဘောဒီးယား ၊ ဗီယက်နမ်နှင့် မလေးရှားတို့တွင်လည်း ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

Tiger Street Football ပြိုင်ပွဲ၏ နိုင်ငံတကာသံတမန်ဖြစ်သော မန်ချက်စတာယူနိုက်တက်၏ကပ္ပတိန် ဟောင်း ၊ ကမ္ဘာကျော် ဂန္ထဝင် ဘောလုံးသမားရီယိုဖာဒီနန်နှင့် မြန်မာကမ်ပိန်း သံတမန်ဖြစ်သူ အဆိုတော် သရုပ်ဆောင်ထွန်းထွန်းတို့မှ အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

 

‘ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာဖို့ အိမ်မက်တွေကို တကယ်ဖြစ်လာစေခဲ့တဲ့နေရာဖြစ်ပြီး ဘောလုံးကစားခဲ့တဲ့ တစ်ခုတည်းသောနေရာကတော့ ကျွန်တော်ကြီးပြင်းခဲ့တဲ့ Peckham ရဲ့ လမ်းမတွေပဲဖြစ်ပါတယ်။ လမ်းတွေဟာ ကျွန်တော်တို့ရဲ့ ဘောလုံးကွင်းတွေဖြစ်ခဲ့ပြီးတော့ တစ်နေ့ပြီး တစ်နေ့ ကျွန်တော်ရဲ့ အတွင်းစိတ်ကို ဖောက်ထွက်ပစ်ဖို့နေရာလည်းဖြစ်ခဲ့ပါတယ်’ဟု Tiger Street Football 2019 ၏ သံတမန်ဖြစ်သူ ရီယိုဖာဒီနန်က ပြောကြားသည်။

 

‘မြန်မာနိုင်ငံမှာဘောလုံးကို အရူးအမူးဖြစ်ကြတာကို အသိအမှတ်ပြုတဲ့အနေနဲ့ရော ပေါ်ထွက်လာမယ့် လမ်းမပေါ်က ဘောလုံးသမားတွေဟာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ထုတ်ပြခွင့်မရှိတဲ့ အစွမ်းအစတွေကို ထုတ်ပြနိုင်တော့မှာဖြစ်ပြီး သူတို့ကို သိရှိနိုင်ဖို့ အခွင့်အရေးတွေရရှိမယ့် ပြိုင်ပွဲကြီးကျင်းပဖို့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်လှုပ်ရှားနေပါတယ် ’ဟု HEINIKEN Myanmar ၏စျေးကွက်မြှင့်တင်ရေး ဒါရိုက်တာဖြစ်သူ Pattapanee Ekahitanond (Kaitoon)ကပြောကြားသည်။

 

Tiger Street Football ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် နိုဝင်ဘာ ၉ ရက်နှင့် ၁၆ ရက်ရက်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဖိုင်နယ်ပွဲကျင်းပမည့်နေ့တွင် ပရိတ်သတ်များအနေဖြင့် အဆိုတော် သရုပ်ဆောင် ထွန်းထွန်း ၊ သရုပ်ဆောင်အောင်မြင့်မြတ် နှင့် အခြားဖိတ်ကြားထားသော နာမည်ကျော်အနုပညာရှင်များ ၊ ပုဂ္ဂိုလ်များနှင့် ရီယိုဖာဒီနန်တို့ ကစားကြမည့်ဘောလုံးပွဲကို ကြည့်ရှုခံစားကြရမည်ဖြစ်သည်။

 

ဝိုင်