လဟယ် ၂ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ “လူငယ်နှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်နေ့ အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် လဟယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိကျောင်းဆောင်ခန်းမ(၂)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အများပြည်သူ သိသင့်သိထိုက်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို သိရှိပြီး လိုက်နာနိုင်အောင် ပြည်သူ့စကားဝိုင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်၊ မြို့နယ်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇေယျ၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ သက်ဇင်အောင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူဆွေတို့က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“လူငယ်နှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း” ဆိုင်ရာ ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ သို့ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။
စနေမောင်မောင် (ခန္တီး)


