ဗန်းမော်  ၂   နိုဝင်ဘာ

 

ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဒိန်းမတ်လူမှုအဖွဲ့အစည်း (DRC/DDG) တို့ပူးပေါင်း၍ ဗန်းမော်ခရိုင်အတွင်းရှိ နေရပ်စွန့်ခွာစခန်းအသီးသီးနေ ဒေသခံပြည်သူများ၏ လက်မှုထုတ်ကုန် ပစ္စည်းများ ဈေးကွက်ပြပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။

 

2

 

ရှေးဦးစွာ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ ကချင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးမှူး ဒေါ်လှကေသီမာ၊ ဒိန်းမတ်လူမှုအဖွဲ့အစည်း တာဝန်ခံကိုယ်စားလှယ် Mr, Julio တို့က အမှာစကားများ ပြောကြားသည်။

 

ထို့နောက် ဒိန်းမတ်လူမှုအဖွဲ့အစည်း (DRC/DDG)မှ တာဝန်ခံကိုယ်စားလှယ် Mr, Julio က နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ၏ လက်မှုထုတ်ကုန်ဈေးကွက်ပြပွဲ ကျင်းပပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ဈေးကွက်ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

6

 

အဆိုပါပြပွဲတွင် နေရပ်စွန့်ခွာစခန်းအသီးသီးမှ ဒေသခံပြည်သူများ၏ လက်မှုပညာဖြင့် ထုတ်လုပ်ထားသည့် ဆံထိုး၊ ဘီးကုပ်၊ ခေါင်းစည်းကြိုး၊ လေးခွ၊ ရိုးရာခါးကွင်း၊ သော့တွဲ၊ ဝါးဖြင့်ပြုလုပ်ထားသည့် မီးအိမ်၊ တစ်ရှူးဘောက်၊ ဖုန်းစင်၊ လင်ဗန်း၊ စားပွဲခုံ၊ ကုတင် စသည်တို့အပြင် အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားပြီး နိုဝင်ဘာ၂ ရက်အထိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)