ရန်ကုန်    ၂  နိုဝင်ဘာ 
အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၀၄) (၁၀၅) (၁၀၆) နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၁၈၃) (၁၈၄) (၁၈၅) (၁၈၆) တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃ ခန်းမတွင် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။ 
ယင်းနောက် သင်တန်းအမျိုးအစားများအလိုက် စံပြဆုရရှိသူများကိုဆုများ ချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။
သင်တန်းဆင်းပွဲသို့ ဌာနကြီးမှူး/ ပါမောက္ခ (ပညာဌာနမှူး) များ၊ ဌာနမှူး/ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား (၁၉၄)ဦး၊ သင်တန်းသူ (၂၀၅) ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား (၂၆၉) ဦး၊ သင်တန်းသူ ၃၃၆ ဦးစုစုပေါင်း ၁၀၀၄ ဦး တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာရက်သတ္တ လေးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။ 
(သတင်းစဉ်)