ရှားတော ၃ နိုဝင်ဘာ

 

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုရင့်နောင်လမ်း၌ မြို့တွင်း သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းအမှိုက်ကောက်ခြင်းကို နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုရင့်နောင်လမ်းဘေးဝဲယာရှိ အမှိုက်များသိမ်းဆည်းခြင်း၊ ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

ထွန်းအောင်(ပြန်/ဆက်)