တပ်ကုန်း ၃ နိုဝင်ဘာ       

 

နေပြည်တော် တပ်ကုန်းမြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ပြည်သူများ စုပေါင်း၍ စွန့်ပစ်အမှိုက်ကောက်ခြင်းကို နိုဝင်ဘာ ၂ ရက် နံနက် ၇ နာရီက ကားလမ်းဘေးဝဲ/ယာတစ်လျှောက် ကောက်ယူသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

 

၁

 

အဆိုပါ အမှိုက်ကောက်အဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်လင်းထက်နှင့် စည်ပင် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့်ပါဝင်ပြီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနှင့် တပ်ကုန်း - ပုဗ္ဗသီရိ လမ်းဆုံ၊ မြို့အဝင်တိုးဂိတ်အနီး ပတ်ဝန်းကျင် လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပစေရေးအတွက် စွန့်ပစ်အမှိုက်များ၊ သစ်ရွက်ခြောက်များ၊ အလေ့ကျ ပေါက်ရောက်နေသည့် အပင်ငယ်များကို အမှိုက်သိမ်းယာဉ်သုံးစီးဖြင့် ကောက်ယူ သန့်ရှင်းရေး ဆောင်ရွက်ကြသည်။

 

အဆိုပါ စုပေါင်းအမှိုက်ကောက်အဖွဲ့အား နေပြည်တော်စည်ပင်ဘဏ်လီမိတက်က နံနက်စာ အာဟာရဖြစ် ကောက်ညှင်းပေါင်းများဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်