မန္တလေး ၃ နိုဝင်ဘာ
(မလှိုင်)ဦးခင်မောင်ဆွေ (တရားလွှတ်တော်ရှေ့နေ)မှ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ် ရှေ့နေများဉပဒေပြိုင်ပွဲကို မန္တလေးမြို့၊ ၆၂ လမ်းနှင့် ၃၀ လမ်းထောင့်ရှိ အဖြူရောင်နှလုံးသားခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲကို ရှေ့နေများ ဉပဒေပညာကျွမ်းကျင် တတ်မြောက်အောင်၊ တရားရုံးမှ လျှောက်လဲချက် ပေးတဲ့အခါမှာ ကောင်းကောင်းပြောတတ်အောင်၊ ဉပဒေအချက်အလက်များ တင်ပြနိုင်အောင် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အဖြူရောင်နှလုံးသားခန်းမတွင် ရှေ့နေများအား ဉပဒေပညာ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း၊ လာမည့်ဒီဇင်ဘာလတွင်လည်း ကလေးများကို သရုပ်ပြတရားခွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း (မလှိုင်)ဦးခင်မောင်ဆွေ (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရှေ့နေ (၁၆)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ခြောက်သိန်းကျပ်၊ ဒုတိယဆု ငါးသိန်းကျပ်၊ တတိယဆုလေးသိန်းကျပ်၊ စတုတ္ထဆုသုံးသိန်းကျပ်နှင့် ပဉ္စမဆုနှစ်သိန်းကျပ် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


