နေပြည်တော် ၃ နိုဝင်ဘာ
မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအနီး၊ ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်းတွင် မျိုးဟိန်း မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀ဝ သိမ်းဆည်းရမိခဲ့သည်။
အလားတူ နိုဝင်ဘာ ၁ ရက် ညပိုင်းက ဟဲဟိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ ညောင်ကုန်း-လက်မောင်းကွေးသွားကျောက်ချောလမ်းတွင်တွေ့ရှိသူ စံတိုး အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက အဆိုပါလမ်းဆုံအနီးရှိ ကြီးညို၏ယာခင်းတဲအား သွားရောက် ရှာဖွေရာ ၎င်းအားတွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂,၉၄၁ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


