နေပြည်တော် ၃   နိုဝင်ဘာ 


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌  အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၂ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ၂၇ ကြိမ်မြောက်အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက် အဝန်း အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

 

a

 


အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ အာဆီယံဥက္ကဌ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ချမှတ်ထားသော Theme ဖြစ်သည့် Advancing Partnership for Sustainability နှင့် ထိုင်းနိုင်ငံမှ အကောင်အထည်ဖော်ဆောင်မည့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုဆိုင်ရာ စင်တာ များထူထောင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းအားပေးထောက်ခံခြင်း၊ ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်ကြီးများ အတည်ပြုမည့် ကြေညာချက် (၆)ချက်ဖြစ်သောUNFCCC သို့ တင်သွင်းမည့် အာဆီယံရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပူးတွဲကြေညာချက် (CoP-25)၊ ကလေးသူငယ်များအား အင်တာနက်အွန်လိုင်းမှ အမြတ်ထုတ်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို ကာကွယ်ရေးကြေညာချက်၊ ရွှေ့ပြောင်းနေထိုင်သော ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ အာဆီယံကြေညာချက်၊ အာဆီယံဒေသတွင်း စဉ်ဆက်မပြက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ ပိုမိုပူးပေါင်း ဆောင်ရွက်မှု ၂၀၃၀ အစီအစဉ်ဘန်ကောက်ကြေညာချက်၊ အာဆီယံဒေသတွင်းကလေးသူငယ်များ အခွင့်အရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာကတိကဝတ်အား ထပ်လောင်းအတည်ပြုသော ပူးတွဲကြေညာချက်၊ အာဆီယံဒေသတွင်း ကာကွယ်ဆေးများ လုံခြုံစိတ်ချရမှုနှင့် ကိုယ်ခံအားကောင်းမွန်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်နှင့် မှတ်တမ်းတင်မည့် ကြေညာချက် (၃) ချက်ဖြစ်သော လူကုန်ကူးခြင်း ခံရသောပုဂ္ဂိုလ်များ၊ အထူးသဖြင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဒေသဆိုင်ရာလမ်းညွှန်ချက်နှင့် လုပ်ငန်းစဉ်များ၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်းများ ဒီဂျစ်တယ်စီးပွားရေးစနစ်တွင် သွက်လက်စွာ ဆောင်ရွက်နိုင်ရေး တိုးမြှင့်ခြင်းဆိုင်ရာ အာဆီယံကြေညာချက်၊ ကျောင်းနေပြင်ပကလေး များနှင့် လူငယ်များအတွက် ပညာရေးအားပေးမြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာ ချက်အား အကောင်အထည်ဖော်ရန်အတွက် ဒေသဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့အတွက် စုပေါင်းဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း အခြေပြမြေပုံ ၂၀၁၅ နှစ်လည်အစီရင်ခံစာအတွက် ဆောင်ရွက်မည့် စီမံချက်ကို ဆွေးနွေးခြင်း၊ ASCCမဏ္ဍိုင်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကို ဆွေးနွေးခြင်း၊ Culture of Prevention ကြေညာချက်ကို ဖော်ဆောင်မည့်လုပ်ငန်းစဉ် Plan of Action (PoA) ကို သက်ဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များက ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း၊ တီမောလ်လက်စတီ နိုင်ငံက အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားလာမှုအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး Children in ASEAN: 30 Years of the Convention on the Rights of the Child အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

a

 

(သတင်းစဉ်)