ကြို့ပင်ကောက် ၄ နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဈေးချိုတောင်ရပ်ကွက် အရှေ့မြို့ပတ် လမ်းရှိ "သောဘဏာရုံ" ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (Myanmar Independent Living Intiative) ရန်ကုန်ရုံးချုပ်၏ ပံ့ပိုးကူညီမှုဖြင့် မသန်စွမ်းမှုဆိုင်ရာ အမြင်ဖွင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်း(ကြို့ပင်ကောက်)မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင် (အုတ်ဖို)မှ မုဒိတာစကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ မသန်စွမ်းသူများအဖွဲ့ ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးနေစိုးမှ သင်တန်း ရည်ရွယ်ချက်များအား ပါဝါပွိုင့်ပြ၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

၁

 

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ မသန်စွမ်းသူများအဖွဲ့ တောင်ငူမြို့နယ် ဥက္ကဋ္ဌ ဦးလင်းနိုင်မှ မသန်စွမ်းမှုဆိုင်ရာ သဘောတရားနှင့် မသန်စွမ်းမှုဆိုင်ရာ အမြင်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအဖွဲ့ဒု ဥက္ကဋ္ဌ ဦးပြည့်မင်းထက်မှ မသန်စွမ်းသူများနှင့် ထိတွေ့ဆက်ဆံခြင်း ဆိုင်ရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ မသန်စွမ်းသူများအဖွဲ့ ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးနေစိုးမှ မသန်စွမ်းသူများ အကျုံးဝင်မှုဆိုင်ရာနှင့် မသန်းစွမ်းသူများအဖွဲ့ တောင်ငူမြို့နယ် ဥက္ကဋ္ဌ ဦးလင်းနိုင်မှ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြောကြားကာ ဥက္ကဋ္ဌ ဦးနေစိုးမှ သင်တန်းတစ်နေ့တာ အနှစ်ချုပ်ဆိုင်ရာများကို ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ မသန်းစွမ်းသူများနှင့် ဖိတ်ကြားထားသူများ၊ ဧည့်သည်တော်(၁၀ဝ)ခန့် တက်ရောက်ခဲ့ကြသည်။

 

စိုးတင်မြင့်(ရွှေကြို့မြေ)