လိပ်သို ၄ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်သို့ ကလေးများအတွက် မြန်မာစာပေနှင့် တိုင်းရင်းသားဘာသာစကားများနှင့် တိုင်းရင်းသားတို့၏ ချစ်စရာရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ UNICEF (မြန်မာ)မှ တိုင်းရင်းသားဘာသာ ပုံပြင်စာအုပ်များကို ပေးပို့လှူဒါန်းသည်။
အဆိုပါ လှူဒါန်းစာအုပ်များတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသား သွေးချင်းများ ဖြစ်သည့် ပေါင်းညွှမ်နာဂ၊ ကနီစော ခူမီး၊ အဆန် (ခေါင်စို)၊ တီခမ်၊ တောင်ရိုး၊ ရှန်းတူ၊ သတ္တမ၊ ပိုးကရင်၊ ပကညောစကော၊ ဘွဲ့ကရင်၊ တအော၊ ခေါင်တူ၊ တိုင်းဆာ (ခ) မိုင်းသာရှမ်း၊ ယင်းတလဲ၊ လောင်ဖူးရီ၊ ခမီ၊ အင်းသား၊ မြို၊ ဂုံရှမ်း၊ အနူး၊ မော်ကယ် (ဆလုံ)၊ ကိုကာ့မျိုးနွယ်စု၊ လေမီ(ချင်း)၊ လူရှိုင်းနှင့် တိုင်းလုံအပါအဝင် တိုင်းရင်းသားလူမျိုး (၂၅)မျိုးတို့၏ စာပေနှင့် ရိုးရာပုံပြင်များကို လူမျိုးတစ်မျိုးလျှင် (၁၀)အုပ်နှုန်းဖြင့် စုစုပေါင်းအုပ်ရေ (၂၅၀)အုပ်အား လှူဒါန်း ခဲ့ကြောင်း သိရသည်။
ရီရီလွင် (ပြန်/ဆက်)


