ရန်ကုန် ၄ နိုဝင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် နယ်စပ်ဒေသ ကျေးလက်မြို့ပြနေ တိုင်းရင်းသူအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ခေတ်မီမော်တာအထည်ချုပ် စက်သင်တန်း အမှတ်စဉ် (၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) အမှတ် (၅၁)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိ ဗဟိုလေ့ကျင့်ရေး ကျောင်းခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲသို့ ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် သင်တန်းသူများ  တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန့် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းကို နိုဝင်ဘာ ၄ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ် (၄)ပတ်ကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးပါက အထည်ချုပ်စက်ရုံများသို့ အလုပ်တာဝန်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။           

(သတင်းစဉ်)