ဇလွန်   ၄   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော ကလေးစာပေပွဲတော် (ဇလွန်) တွင် ထုပ်ဆီးတိုးပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပပေးလျှက်ရှိကြောင်း သိရသည်။

 

2

 

"သမီးတို့က အ.မ.က ညောင်ပင်ဈေးကလာတာပါ။ ဒီကလေးစာပေပွဲတော်မှာ ထုပ်စည်ထိုးပြိုင်ပွဲဝင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ဆရာ၊ဆရာမတွေက လေ့ကျင့်ပေးခဲ့တာပါ။ အခုလို ပါဝင်ခွင့်ရတဲ့အတွက် သိပ်ပြီးပျော်ပါတယ်"ဟု မူလတန်းအဆင့်ပြိုင်ပွဲဝင် မသက်မှူးဗိုလ်က ဆိုပါသည်။

 

မူလတန်းအဆင့် ထုပ်ဆီးထိုးပြိုင်ပွဲတွင် ဒေါင့်ကြီး(၃) ၊ ကျုံရှ ၊ ရေလဲ ၊ ပျဉ်မကုန်း၊သာဓု (၁) ၊ အုတ်ရှစ်(၂) ၊ မြို့မ (၂)၊ မြို့မ(၁) စသည့်အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အလယ်တန်းအဆင့် ထုပ်စည်းထိုးပြိုင်ပွဲတွင် ရေလဲ၊မြို့မ၊ ဒေါင့်ကြီး၊ ပျဉ်းမကုန်း၊ သာဓု၊ ဘက(လမိုင်း)၊ အုတ်ရှစ်(၃)၊ ကော့ကပ်(၂)၊ ကျုံရှ စသည့် အသင်း(၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN