နေပြည်တော် နိုဝင်ဘာ ၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး Mr. Christian Lechervy အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ စာနယ်ဇင်း၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုပ်ရှင်ရာပြည့်ပွဲတော် ကျင်းပရေးဆိုင်ရာကိစ္စများနှင့် အဆိုပါပွဲတော်တွင် ပြင်သစ်နိုင်ငံမှ ပါဝင်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


