မိုးညှင်း ၅ နိုဝင်ဘာ

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်း ဦးဆောင်၍ ကချင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ပြုံးပြုံးအေး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးမြင့်ဆန်း၊ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေး၊ ခရိုင်ဒုတိယတရားသူကြီး ဦးလှိုင်မျိုးအောင်(တာဝန်ခံခရိုင်တရားသူကြီး)၊ မြို့နယ် တရားသူကြီး ဦးဇော်လင်းထွန်းတို့လိုက်ပါလျက် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေနှင့် အညီ မိုးညှင်းဗဟို အကျဉ်းထောင်သို့ ယမန်နေ့ နံနက် (၈) နာရီ တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ မိုးညှင်းဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိက ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်မှုနှင့် သောက်သုံးရေရရှိမှု အခြေအနေများအား ပရိုဂျက်တာဖြင့် အကျဉ်းထောင်ဧည့်ခန်းမတွင် ရှင်းလင်းတင်ပြခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက အကျဉ်းသားများအား ဥပဒေပါ အခွင့်အရေးများ ရရှိခြင်းရှိမရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသနိုင်ပါရန် အခွင့်အရေး ရရှိခြင်းရှိ/ မရှိတို့နှင့် စပ်လျဉ်း၍ မေးမြန်းကာ အကျဉ်းသားများ၏ အိပ်ဆောင်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုဆောင်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီးနောက် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး (မိုးညှင်း)