ဆော ၅ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်အတွင်း မှုခင်းလျော့နည်း ကျဆင်းရေးတို့အတွက် မှုခင်းကြိုတင်ကာကွယ်ရေးမဟာဗျူဟာနှင့်အညီ ပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဆောမြို့နယ် သလယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်သည်။

 

၁

 

 

အဆိုပါ ဟောပြောပွဲ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဦးစီးသည့်တပ်ဖွဲ့ဝင်များက ကျေးရွာနေ ပြည်သူများအား မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားရေးနှင့်  ပတ်သက်၍ မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့် အချက်များ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး၊    ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အချက်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)