ဝါဂွမ်းနုနုလေး တွေကသာ အသားအရေကို နူးညံ့မှုပေးနိုင်တာမဟုတ်ပါဘူး ဝါစေ့ဆီကလည်း အသားအရေကို နူးညံ့မှုပေးနိုင်သလို ခန္ဓာကိုယ်ကို အကျိုးပြုတာတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်တော့ ဝါစေ့ဆီလေးက ဘယ်လိုအကျိုးအာနိသင်တွေရှိနေလဲဆိုတာကို ပြောပြ ပေးမယ်နော်။
ဝါစေ့ဆီရဲ့ လူသိများတဲ့ အကျိုးအာနိသင်တွေက ဘာတွေများလဲ……
ဝါစေ့ဆီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုး များတာကတော့ အမှန်ပါ။ ဗီတာမင် E ကြွယ်ဝမှုကလည်း ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့ free-radicals တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဝါစေ့ဆီက အရေပြား အတွက်တင် အသုံးဝင်တာမဟုတ်ပါဘူး ကိုလက်စထရောပါဝင်မှုနည်းတဲ့ စားသုံးလို့ရတဲ့ ဆီတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ သွေးတွင်းကိုလက်စထရောကျချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
အနာကျက်စေနိုင်ပါတယ်
ထိခိုက်ဒဏ်ရာရတဲ့အခါ အနာပေါ်ကို ဝါစေ့ဆီလေးလူးပေးလိုက်ပါ။ ဗီတာမင် E ပါဝင်နေတာကြောင့် အနာကျက်မြန်စေနိုင်သလို အနာကို ပိုးမဝင်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာ အသေအချာပါ။ ထိခိုက်ဒဏ်ရာတွေအတွက် နေ့စဉ်သုံးပေးလို့ရပါတယ်။ သန့်စင်အောင်ဆေးကြောထားတဲ့ အနာပေါ်မှာ ဝါစေ့ဆီလေးလိမ်းပေးရုံပါ။ ဝါစေ့ဆီမှာပါတဲ့ Tocopherol က အရေပြားဆဲလ်သစ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်တယ်
ဝါစေ့ဆီမှာ သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်တဲ့ Monounsaturated fat ရော၊ polyunsaturated fat တို့ဝင်နေပြီး အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို နည်းစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းတာကိုလည်း အထိရော်ကဆုံး ကာကွယ်ပေးနိုင်မှာပါ။ အာရုံကြောတွေ ရောင်ရမ်းမှုကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။
ကင်ဆာကာကွယ်ပေးနိုင်တယ်
လေ့လာမှုတွေအရ ဝါစေ့ဆီမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဓာတ်တစ်မျိုး ရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။ ဆီးကျိတ်တစ်ရှုးတွေ ကြီးထွားလာမှုမဖြစ်အောင် အထိရောက်ဆုံး ဟန့်တားနိုင်ပါတယ်။
အရေပြားကျန်းမာစေနိုင်တယ်
ဗီတာမင် E ပါဝင်နေမှုက အရေပြားကို အကောင်းဆုံးအာဟာရဖြည့်ပေးနိုင်မှာပါ။ ဒါတင် မကသေးပါဘူး။ ဝါစေ့ဆီမျာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် အရေပြားကို ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှုကနေ အထိရောက်ဆုံး ကာကွယ် ပေးနိုင်ပါတယ်။ အသားခြောက်သူတွေအတွက် အရေပြားကို အစိုဓတာ်ထိန်းပေးသလို အရွယ်မတိုင်ခင်အိုမင်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပေါ်က အမဲစက်တွေ၊ အမာရွတ်တွေကိုပါ သက်သာစေနိုင်ပါတယ်။ အရေးအကြောင်းတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ကိုယ်ခံအား ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်မှုမရှိအောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်
Monounsaturated fatပါဝင်နေတာကြောင့် ဝါစေ့ဆီကို စားပေးရင်ဖြစ်ဖြစ် လိမ်းပေးရင်ဖြစ်ဖြစ် နာကျင် ရောင်ရမ်းတာကို သက်သာစေနိုင်မှာပါ။ နာတာရှည် နာကျင်ရောင်ရမ်း ဝေဒနာတွေအတွက်လည်း ဝါစေ့ဆီကို အသုံးပြုပေးလို့ရပါတယ်။ အဆစ်ရောင်နာ၊ ဂေါက်ရောဂါ။ ခေါင်းကိုက်တာ၊ အဆစ်လွဲတာ၊ အစာအိမ်အောင့်တာ၊ အစာမကြေတာတွေအတွက်လည်း ဝါစေ့ဆီကို အသုံးပြုပေးလို့ရပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
ပြည့်ဝဆီမဟုတ်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတိုးစေပါဘူး။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောပိတ်တာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာလိုမျိုး ပြဿနာတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးရောဂါရှိသူတွေ အနေနဲ့လည်း ရောဂါထပ်တိုးမလာစေဖို့ စားပေးလို့ရပါတယ်။
ဝါစေ့ဆီလေးက အခုလောက်ထိကို အသုံးဝင်ပြီး ကျန်းမာရေးအတွက် အကျိုးများပါတယ်။
ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”