ကျောက်ဖြူ ၅ နိုဝင်ဘာ
ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ကျေးရွာ၊ ကာယီဘောင်ဘေးရှိ ဒီရေတောအတွင်း ဒီရေတောပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ဒီရေတော ကာကွယ်ရေးအတွက် ဗြူးခြေတောက်(အမ)အပင်(၉၀ဝ)စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တာနှင့်သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် တက်ရောက် စိုက်ပျိုးခဲ့သည်။
အဆိုပါ ၂၀၁၉ ခုနှစ်၊ ဒီရေတောစိုက်ပျိုးပွဲကို ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တာနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွဋ်ဦးနှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့များက ဗြူးခြေတောက်(အမ) အပင်(၉၀ဝ)၊ (ဝ.ဝ၈)ဧကကို စုပေါင်းစိုက်ပျိုးကြသည်။
၎င်းဒီရေတောပင်များ စိုက်ပျိုးခြင်းအားဖြင့် မုန်းတိုင်း ဒီရေမြင့်တက်ခြင်း၊ ကမ်းပြိုခြင်းနှင့် ငါးပုဇွန်များ သားပေါက်ခြင်းများတွင် အထောက်အကူပြုပြီး၊ ဒေသခံများ ထင်းလောင်စာများကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


