ပုသိမ် ၅ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ကလေးစာပေပွဲတော်များ ကျင်းပလျက်ရှိသည်။

 

ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် မြန်မာယူနီကုဒ် စနစ်ပြောင်းလဲရေးကို နိုဝင်ဘာ(၆)ရက် မှ (၇)ရက်အထိ ကျင်းပမည့် အိမ်မဲမြို့ ကလေးစာပေ ပွဲတော်မှ စတင်ကာ မြို့နယ်အသီးသီးတွင် ဆက်လက်ကျင်းပမည့် ကလေးစာပေ ပွဲတော်များ၌ ပွဲတော်လာ ပရိသတ်များ၏ မိုဘိုင်းဖုန်းများကို မြန်မာယူနီကုဒ်စနစ် ပြောင်းလဲပေး ခြင်းများ၊ အသိပညာပေးလုပ်ငန်းများကို အထူးကဏ္ဍတစ်ရပ်အနေဖြင့် အခမဲ့ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ မန်နေဂျာဒေါ်ဆွေမာ ထံက သိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်ဆက်)