ဇလွန် ၅ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမွုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော ကလေးစာပေပွဲတော် (ဇလွန်) ရှိ မီးသတ်တပ်ဖွဲ့ပြခန်းအား ကလေးများ အထူးစိတ်ဝင်စား ကြကြောင်း သိရသည်။
" ကျွန်တော်တို့က ဒီပြခန်းမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာတွေ၊ မီးလောင်မှုဖြစ်ပွားရင် ဘယ်လိုငြှိမ်းသတ်ရမယ်ဆိုတာတွေနဲ့ မီးသတ်ပစ္စည်းတွေကို ပြသပေးထားပါတယ်။ ဂျပန်နိုင်ငံက ဂိမ်းကစားတဲ့ ပြသနည်းပုံစံမျိုးတွေနဲ့ စိတ်ဝင်စားအောင် ဆောင်ရွက်ပေးထားပါတယ်။ အခုလိုကလေးတွေအများကြီး လာရောက်နေတဲ့အချိန်မှာ ပြသတဲ့အတွက် သူတို့လည်း အသိဉာဏ် တိုးသွားမယ်၊ တချိန်ချိန်မှာ မီးဘေးနဲ့ ပတ်သက်မွုမျိုးကြုံတွေ့ခဲ့ရင် ဘယ်လိုရင်ဆိုင်ငြှိမ်းသတ်မယ်၊ မီးသတ်ဆေးဘူး၊ စောင်၊ ရေဗူးစတာတွေအသုံးပြုပြီးတော့လည်း မီးလောင်မှုကို ဘယ်လိုဟန့်တား ကာကွယ်နိုင်မယ်ဆိုတာတွေ သိရှိအောင် ရှင်းလင်းပြသပေးနေပါတယ်ဟု" မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်က ပြောသည်။
ထို့အပြင် မီးသတ်ကားနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ပြသထားပြီး မီးသတ်ကားအား တက်ရောက် လေ့လာကြည့်ရွုစေခြင်း၊ ရှင်းလင်းပြသပေးခြင်းတို့လည်း ဆောင်ရွက်ပေးခဲ့ သောကြောင့် သိရသည်။
ဇလွန် ပြန်/ဆက်


