ဇလွန် ၅ နိုဝင်ဘာ
ကလေးစာပေပွဲတော် (ဇလွန်) စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဒုတိယနေ့ကို ယနေ့ နံနက်(၉)နာရီက ဆက်လက်ကျင်းပလျက်ရှိရာ ဖျော်ဖြေရေး အစီအစဉ်များတွင် ကျောင်းသား၊ ကျောင်းသူများ၏ အကအလှသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များတွင် ကလေးစာပေပွဲတော်၏ Theme Song သီချင်း၊ မင်္ဂလာပါသီချင်း၊ ကယန်းအက၊ ဆီးဂိမ်းသီချင်း၊ အရောသီချင်း၊ တစ်ကိုယ်တော်, ပလွေဖျော်ဖြေမှု၊ လက်ပံပွင့်ကောက်သီချင်း၊ သနပ်ခါးလေးနှင့် မောင့်ချစ်သူ သီချင်း၊ ရတနာပုံသီချင်း၊ မှုံရွှေရည်သီချင်း၊ စည်းလုံးမယ်တို့ အင်အားတောင်ပေါ် မြေပြန့်သား သီချင်း၊ ချစ်စရာတောသူလေးနှင့်ဝက်ဝံလေးသီးချင်း၊ Myanmar Fitness Dance၊ စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ် သီချင်းနှင့် အောင်ပါစေသီချင်းတို့ဖြင့် ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)


