နေပြည်တော် ၅ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အ.ထ.က(၁) ပညာရတနာခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတင်ဗီဒီယိုပြသခြင်း၊ မြန်မာ့အသံအစီအစဉ် တင်ဆက်သူများက မိတ်ဆက်ခြင်းနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရ လက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ပြီး မြောင်းမြခရိုင်အတွင်းရှိ မြန်မာ့အသံချစ်သူအဖွဲ့ဝင်များ အပါအဝင် အခြားနီးစပ်ရာ ဒေသများမှ မြန်မာ့အသံချစ်သူအဖွဲ့ဝင်များလည်း တက်ရောက်နိုင်ကြောင်းသိရသည်။
တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၆၇ - ၇၉၂၁၅၊ ၀၆၇ - ၇၉၃၇၄၊ ၀၉-၄၀၀၆၀၄၀၃၃ နှင့် ၀၉-၄၀၀၆၀၅၀၃၃ တို့ကိုဆက်သွယ်ပြီး နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြသည့်အပြင် မြန်မာ့အသံချစ်သူအဖွဲ့သို့ ဝင်ရောက်လိုသည့် သောတရှင်များလည်း အဆိုပါဖုန်းနံပါတ်များသို့ဆက်သွယ်၍ အဖွဲ့ဝင်သစ်အဖြစ် အခမဲ့ဝင် ရောက်နိုင်ပြီး အခမ်းအနားတက်ရောက်ရန် စာရင်းပေးသွင်းနိုင်ကြသည်။
အခမ်းအနားတွင် Co-Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးလိုသည့် လုပ်ငန်းရှင်များ နေဖြင့် ဖုန်းနံပါတ် ၀၆၇-၇၉၃၇၄၊ ၀၉-၄၂၀၇၀၂၇၉၆ နှင့် ၀၉-၄၃၀၈၆၁၁၉ တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
သန့်ဇော်


