နေပြည်တော် ၅ နိုဝင်ဘာ

 ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲနှင့် ဆုပေးပွဲများကို ယနေ့နံနက်(၈) နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

ယနေ့ပွဲစဉ်များအဖြစ် (၉)ယောက်တွဲ အကြီးတန်းပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အသင်းလိုက်ပြိုင်ပွဲများတွင် အကြီးတန်းတစ်ဦးချင်းပြိုင်ပွဲနှင့် Myanmar Fitness Dance ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိကြသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို ဆုပေးအပ်ချီးမြင့်သည်။  

သတင်းစဉ်

 

1

 

13

 

6