နေပြည်တော် ၅ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO Myanmar) မှ ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် သက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးနည်းပညာ သင်တန်းများ၊ လိုအပ်သောစိုက်ပျိုးရေး ပစ္စည်းများနှင့် မျိုးစေ့များ ပံ့ပိုးနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
သတင်းစဉ်


