နေပြည်တော် ၆ နိုဝင်ဘာ
နေပြည်တော်စည်ပင်သာယာရေးကော်မဏီ၊ ရေပန်းဥယျာဉ်အား တင်ဒါခေါ်ယူခဲ့ရာ ဆန်းမြတ်ထွန်းကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရေပန်းဥယျာဉ်အား ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ နှစ်ရှည်အငှားချထားရေးအတွက် EOI အောင်မြင်သည့် ကုမ္ပဏီများအား တင်ဒါအဆိုပြုလွှာများတင်သွင်းရန် ခေါ်ယူခဲ့ရာ ဆန်းမြတ်ထွန်း ကုမ္ပဏီ၊ Dazzling Ray ကုမ္ပဏီ၊ Mingalar Dragon ကုမ္ပဏီ၊ ခရမ်းပြာ ကုမ္ပဏီ ကုမ္ပဏီ ၄ ခုတင်သွင်းလာခဲ့သည်။
အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်စည်ပင်သာယာရေးကော်မဏီ စီမံခန့်ခွဲမှုအစည်းအဝေးခန်းမတွင် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး ဦးစီးသည့် တင်ဒါကော်မတီဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ ဆန်းမြတ်ထွန်းကုမ္ပဏီက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရေပန်းဥယျာဉ်အား နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
MDN


