ကသာ ၆ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA) မှ ဦးဆောင်၍ သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ရောင်းချနေမှု ရှိ /မရှိကို ယမန်နေ့ နံနက် ၁၀ နာရီက ကသာမြို့ပေါ်ရှိ ဆေး ရောင်းချ လျက်ရှိသော ဆိုင်များတွင် ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူ ရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှ တာဝန်ရှိ သူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကသာမြို့ပေါ်ရှိ ဝေယံ၊ မြသုခ၊ ရွှေဇင်၊ ကောင်းထက်စံ၊ စွမ်းပြည့်၊ ဒေါ်လာ ဆေးဆိုင်များအားအား ရှောင်တခင် စစ်ဆေးခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင် ထားခြင်း မရှိသော ဆေးဝါးများ မရောင်းချရန် တားမြစ်ခြင်း၊ သိမ်းဆည်းခြင်း ၊ ဆေးဝါးလိုင်စင် မပြုလုပ်ရသေးသည့်ဆိုင်များအား လိုင်စင်လျှောက်ထားကြရန်နှင့် အသိပညာပေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
နိုင်လင်းထက်(ပြန်/ဆက်)


